စက်ရုပ်( android ) ရဲ့လည်ပတ်စနစ်အကြောင်းလေး သိသလောက်လေး ဝေပေးတာပါ
ROM တခုမှာပါဝင်တာတွေရဲ့အကြောင်းအရာတွေပါအဲ့ဒါတွေကတော့-
(1) Boot Partition
(2) System Partition
(3) Recovery Partition
(4) Data Partition
(5) Cache Partition
(6) Misc Partition
(7) SD card Partition
(8) SD ext Partition စသည်တို့ဖြစ်ပါသည်။
ပထမဆုံးအနေနဲ့ စတင်ရှင်းပြမှာကတော့
(1) / Boot
ဒီ partition လေးမှာတော့
(1) Kernal
(2) Ram Disk ဆိုပြီးနှစ်မျိုးပါဝင်လာပြန်ပါတယ်ခင်ဗျာ။
နောက်ပြီးတော့ဒီ partition တွေမပါပဲ boot လုပ်လို့ရမှာမဟုတ်ပါဘူး။ ပြီးတော့Recovery ပေါ်မှ အဲ့ဒီ partition wipe လိုက်မယ်ဆိုရင် နောက်တကြိမ် boot ကိုပြန် install မလုပ်မချင်း boot လုပ်လို့ရတော့မှာမဟုတ်ပါ ခင်ဗျာ။ဒါဆိုရင်တော့ boot partition ပါတဲ့ Rom တခုကိုပြန်တင်ရမှာမလွဲပါဘူးဗျ။
(2) / System
ဒီ partition မှာတော့ အခြေခံကျတဲ့ Operation System ပါဝင်ပါတယ်။
( Kernal နှင့် Ramdisk ) တို့ကဲ့သို့အရေးကြီးသော O.S ပါဝင်ပါတယ်ခင်ဗျာ၊ ပြီးတော့ဒီ partition မှာ android system application များပါဝင်ပြီး ကြိုတင် install ပြုလုပ်ထားပါတယ်။
ဒီ partition ကို wipe လိုက်မယ်ဆိုရင် device ကနေဖယ်ထုတ်လိုက်သလိုဖြစ်သွားပြီး unbootable ဖြစ်သွားတယ် သို့သော် Recovery နှင့် bootloader mode ထဲကိုတော့ဝင်လို့ရသေးပါတယ်ခင်ဗျ။ဘာအတွက်လဲဆိုရင်တော့ Rom အသစ်တစ်ခုကိုပြန် install လုပ်နိုင်ရန်ဘဲ ဖြစ်ပါတယ်ခင်ဗျာ။
(3) / Recovery
Recovery mode ဟာဆိုရင် operation system ကို ပြု ပြင်ရန်ဖြစ်ပါသည်။ Recovery partition ဟာဆိုရင် alternative boot partition အဖြစ်လည်းသတ်မှတ်နိုင်ပါတယ်ခင်ဗျာ။
(4) / Data
User data လို့လည်းခေါ်ပါတယ် ၊ ဒီနေရာမှာ - contact , message , setting and apps တွေရှိပါတယ်။ Data ကို wipe လိုက်မယ်ဆိုရင်တော့ factory data reset ဖြစ်သွားမှာပါ။ restore ကိုလည်း first booted အချိန်မှာလုပ်လို့ ရမှာဖြစ်ပါတယ်ခင်ဗျာ။ Last official တင်ပေးခြင်းဖြင့်လည်းကောင်း Custom Rom တင်ခြင်းဖြင့်လည်းကောင်းပြန်ရယူနိုင်ပါတယ်။
သင်ဟာဒီ partition ကို recovery ပေါ်မှ နေပြီး wipe ပြစ်နိုင်ပါတယ်။
(5) / Cache
ဒီ partition မှာတော့ Android ရဲ့ မကြာခဏပြုလုပ်တတ်တဲ့ accessed data တွေနဲ့ apps တွေရဲ့ components တွေရှိ ပါတယ်ခင်ဗျာ။ Cache ကို wipe လိုက်ရင် personal data တွေကို မထိခိုက်နိုင်ပါဘူး ၊ သို့ပေမယ့် data ထဲမှာရှိတဲ့ ထွက်သွားပြီးသားတွေကိုတော့ rid ဖြစ်နိုင်ပါတယ်ခင်ဗျာ။
သူဟာ auto ပြန်ပြီးတည်ဆောက်ပါတယ်၊ ဘယ်ချိန်မှာလဲဆိုရင်တော့ Deviceကိုဆက်ပြိးသုံးမယ်ဆိုရင်ပေါ့
နော်။
(6) / Misc
ဒီ partition မှာတော့ on/off switch ကဲ့သို့ miscellaneous system setting တွေပါဝင်ပါတယ် ခင်ဗျာ။ ပြီးတော့ အတော်အရေးကြီးတဲ့ ( Carrier of Region ID ) ,
USB configuration တွေနဲ့certain hardware setting တွေပါဝင်ပါတယ်။ ဒီ partition ကို wipe လိုက်မယ်ဆိုရင်တော့ corrupt (or ) missing ဖြစ်သွားနိုင်ပါတယ် ခင်ဗျာ။နောက်ဲပြီးတော့ Device ရဲ့
Feature တွေဆုံးရှံးသွားမှာဖြစ်ပြီးပုံမှန်အလုပ်မလုပ်တော့ပါဘူးဗျာ။
(7) / SD - card
ဒီ partition ဟာ Device ရဲ့ internal memory ထဲမှာမပါဝင်ပါဘူး ဒါပေမယ့် SD ကတော့ ပိုပြီးမသက်ဆိုင်ပါဘူး ၊ အသုံးပြုသူကနေ သေချာမြင်ရတဲ့အပိုင်းဖြစ်ပါတယ်။ ဒီထဲမှာ media , data , document တွေ roms တွေသိမ်းထားပါတယ် ၊ သူ့ကို wipe လိုက်မယ်ဆိုရင်တော့ သင် တို့မဆုံးရှံးစေချင်တာတေကို backup လုပ်ထားဖို့လိုအပ်ပါတယ် ခင်ဗျာ။စဉ်းစားရမဲ့အချက်တေကတော့ user တွေရဲ့ install လုပ်ထားတဲ့ apps တွေ setting တွေကိုဒီအပိုင်းမှာ store လုပ်ထားပါတယ် ၊ ဒါကြောင့် wipe လိုက်မယ်ဆိုရင် data တွေပျက်စီးသွားနိုင်ပါတယ်ခင်ဗျာ။ Samsung လိုမျိုး သောအခြား
သော Tablet တွေမှာ internal နှင့် external SD ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ အဲံ့ဒီမှာ SD partition လို့ညွှန်းလိုက်တာဟာ internal SD ကိုသာဖြစ်ပါတယ် ၊ external sd ကိုလည်းရံဖန်ရံခါအသုံးပြုနေပါတယ်
Device တွေပေါ်မှာလည်းမူတည်နေပါတယ်ခင်ဗျာ။ ဒီ partition ကို wipe မယ်ဆိုရင်တော့ မပျက်ချင်
တာတွေကို backup လုပ်ဖို့လိုအပ်ပါတယ်ခင်ဗျာ။
(8) / SD- ext
ဒီ partition ဟာဆိုရင်တော့android ရဲ့ standard partition ထဲမှာမပါ ပါဘူး သို့သော်လည်း custom Rom တင်မယ်ဆိုရင်တော့ ထင်ရှားတဲ့အပိုင်းဖြစ်ပါတယ်ခင်ဗျာ။ Stock Rom မှာ
internal နည်းပါးသောအခါတွင် App 2 SD (or) App 2 ext စသော app များကို custom Rom နှင့် တွဲ
သုံးခြင်းဖြင့်ပိုမိုသော programs တွေကိုအသုံးချစေနိုင်ပါတယ်ခင်ဗျာ။ wipe လိုက်မယ်ဆိုရင်တော့ Sd
card အတိုင်း အားလုံး ကုန်သွားမည်ဖြစ်ပါတယ်ခင်ဗျာ။
Green House Computer Sales & Service Center မှလည်ပတ်မှူစနစ် rom များအကြောင်းကို ဆက်လက်ဖေါ်ပြပေးပါဦးမည်။
လာရောက်လည်ပတ် ပေးတဲ့အတွက် အေးမြချမ်းမြေ့ပါစေ